သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၁)ဦးတွေ့ရှိ

ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဇူလိုင် ၁၃ ရက် ညနေထိ ပိုးတွေ့လူနာသစ် (၂၁)ဦး တွေ့ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၅၈၂)ဦးရှိပြီး သေဆုံးသူ (၁၂)ဦးရှိကာ ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။ 

၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ခရိုင်ပြည်သူ့ဆေးရုံ၊ အ.ထ.က(၁) သာယာဝတီ၊ အ.ထ.က(သုံးဆယ်)တို့တွင် ထားရှိပြီး ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ဇွန်လ ၇ ရက်နေ့မှစ၍ ယနေ့ထိ သေဆုံးသူ (၁၂)ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၄၈)ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

သန့်ဇော်