ရသေ့တောင်   နိုဝင်ဘာ   ၁၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ဌာနဆိုင်ရာများနှင့် မြို့မြို့ဖများဦးဆောင်မှုဖြင့် ပထမအကြိမ် မြို့လုံးကျွတ် သံဃဒါနဆွမ်းဆန်တော်လောင်းလှူပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီက မြို့မအားကစား ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆွမ်းဆန်တော်လောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ပြည်သူများနှင့် စေတနာရှင်ပြည်သူများက ရသေ့တောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်ကြသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင် စုစုပေါင်း ၁၂၈ ပါးတို့အား အလှူငွေ၊ ဆွမ်းဆန်တော်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ဆေးဝါး စသည့် လှူဖွယ်ဝတ္တုပစ္စည်းများကို လာရောက်ကုသိုလ်ပြု လောင်းလှူခဲ့ကြသည်။

ရသေ့တောင်မြို့တွင် သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား တစုတစည်းတည်း ကုသိုလ်ပြု လှူဒါန်းနိုင်ရေးနှင့် အစဉ်အလာကောင်းတစ်ခုဖြစ်ပေါ်လာစေရေး အတွက်  မြို့လုံးကျွတ်သံဃဒါန ဆွမ်းဆန်တော်လောင်းလှူပွဲကြီးကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)