ရန်ကုန်စာအုပ်လမ်းတွင် စာပေဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိ အစီအစဉ်များ ပြုလုပ်မည်

နေပြည်တော် ၂၈ ဒီဇင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ ပံ့ပိုးမှုဖြင့် ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ၅ နာရီအထိ စာအုပ်ဆိုင်ခန်းပေါင်း ၇၀ ခန့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် စာပေဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် စာရေးဆရာ မှော်ဝန်းကြည်မြတ်၏ "စာပေစကားနေ့တိုင်းကြားလော့” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲနှင့် မွန်းလွဲ ၃ နာရီတွင် မေးကြည့်ကြည့်ပဟေဠိ အစီအစဉ်ပြုလုပ်ကာ ကြယ်စင်စာအုပ်တိုက်မှ နာမည်ကြီး စာအုပ်ကောင်းများကို လက်ဆောင်ပေးအပ်သွားမည်ဖြစ်၍ စာပေချစ်မြတ်နိုးသူများ လာရောက်လေ့လာ ပါဝင်ဆင်နွှဲနိုင်ပါကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ သိရသည်။

မြန်မာ့အလင်း