ရှမ်းရွာသစ်၊ ၁၁ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာ၌ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အလျား ၁၅ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ကိုးပေရှိ ကွန်ကရစ်တံတားကို လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် ၉၈၈၈၀၀၀ ဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ ရက်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်တံတားကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရပ်ရွာပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ထီးပနားကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


