တောင်ကြီး ဇူလိုင် ၁

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊  လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က  အမှာစကားပြောကြားသည်။

ဖွင့်လှစ်

အဆိုပါသင်တန်းသို့ တောင်ကြီးမြို့နယ်မှ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ၇၅ ဦး၊ ရပ်စောက် မြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ၃၂ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင် ၁ ရက်မှ  ၂၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)