ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် တာချီလိတ်မြို့မရဲစခန်းအား စစ်ဆေး

တာချီလိတ် ၃၀ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် တာချီလိတ်ခရိုင် တရားသူကြီး ဦးအောင်မော်နှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ထောင်ကို ယမန်နေ့၊ နံနက် ၈ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

535

 

ထိုသို့ စစ်ဆေးရာတွင် ပြစ်ဒဏ်ကျခံနေရသည့် အချုပ်သားဦးရေနှင့် အချုပ်ခန်း လက်ခံနိုင်သည့်ဦးရေ ကျော်လွန်မှုရှိ/မရှိ၊ အချုပ်သားများ၏ စားသောက်ရေး အဆင်ပြေမှု ရှိ/ မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ မိလ္လာစနစ်၊ သောက်သုံးရေစနစ်၊ ဥပဒေပါ အချုပ်သား အခွင့်အရေးများ ချိုးဖောက်ခံရမှုရှိ /မရှိ၊ အယူခံပြင်ဆင်တက်ရောက်ရန် အခွင့်အရေးရှိ/မရှိ၊ ရှေ့နေရှေ့ရပ် ငှားရမ်းခွင့် ရ/မရ၊ တရားရုံးများ နှင့် စပ်လျဉ်း၍ အခက်အခဲတွေ့ကြုံရမှု စသည်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့မရဲစခန်းရှိ တာဝန်ရှိသူများ၊ အချုပ်တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဥပဒေ၊ နည်းဥပဒေများ နှင့်အညီဖြစ်စေရေး လမ်းညွှန်ခဲ့ကြောင်း သိရသည်။

 

ဝေဖြိုးလေး(တာချီလိတ်)