ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ်(ဖလား) ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဝင် အသင်းသားများအား တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

တာချီလိတ် ၁၆ ဒီဇင်ဘာ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း() ရပ်ကွက်ရှိ ခရိုင်အားကစားခန်းမ၌ ဒီဇင်ဘာ ၁၆ ရက် ယနေ့ နံနက် နာရီအချိန်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ(တာချီလိတ်ဇုံ) တွင် ဝင်ရောက်ယှဉ်ပြိုင် ကစားသည့် အသင်းသားများအား ကြိုဆိုမိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းသားများကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်(ဖလား) ဘော်လုံးပြိုင်ပွဲကို ဇုံအလိုက် သတ်မှတ်ကစားကြရာ တွင် တာချီလိတ်ဇုံ၌ တာချီလိတ်ခရိုင်၊ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ လွိုင်လင်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ ဟိုပန်ခရိုင်တို့မှ လာရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

ယာဆေး (ပြန်/ဆက်)