ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မိုးရာသီကာတွင် ဖြစ်ပွားတတ်သည့် ရောဂါများ ကာကွယ်နိုင်ရေးအတွက် မြို့မဈေးကြီးနှင့် သားငါးဈေးအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

မောင်တော ၊၁၅ ဇွန်

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် အခြားရောဂါများ ကာကွယ်နိုင်ရေးအတွက် ဇွန် ၁၄ ရက် မွန်းလွဲ ၂ နာရီက မြို့မဈေးကြီးနှင့် သားငါးဈေးတို့အား ပိုးသတ်ဆေးဖျန်းခြင်းအား ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်အေးသိန်းနှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မိုးရာသီကာလဖြစ်ပွားတတ်သည့်  သွေးလွန် တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများ၊ ပိုးမွှားများမှ ကူးစက်နိုင်သည့်ရောဂါများ မဖြစ်ပေါ်စေရန်အတွက် မြို့မဈေးကြီးအတွင်း ဈေးဆိုင်ခန်းများ၊ ဈေးအတွင်း/အပြင် နေရာများ၊ သား၊ ငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ ရောင်းချသည့် နေရာများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)