ရေတာရှည် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု ထန်းကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ လူမှုစီးပွား မြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားတောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲကို ကျင်းပသည်။
၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်းရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ထန်းကုန်းကျေးရွာ စည်းစိမ်တိုး(စိုက်/ထွေ) သမဝါယမအသင်းတောင်သူများနှင့် ညောင်ပင်သာ(စိုက်/ထွေ)သမဝါယမအသင်း တောင်သူများအား ပထမအကြိမ်အဖြစ် အသင်းသားတောင်သူ ၂၇ ဦး၏ စိုက်ဧက ၁၃၁ ဧကအတွက် သွင်းအားစုမြေဩဇာများကို မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


