mdn

ရေတာရှည် ဇူလိုင် ၁၉

 

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အတည်ပြု လူနာဦးရေများပြားလာခြင်း၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိသည့် အနံ့ပျောက်လူနာများ တွေ့ရှိရမှုများပြားလာခြင်းတို့ကြောင့်  ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ရေတာရှည်မြို့နယ်အတွင်း ဇူလိုင် ၁၉ ရက်မှစ၍ ဒေသန္တရအမိန့် ထုတ်ပြန်ကာ အသွားအလာကန့်သတ် ဆောင်ရွက်လျှက် ရှိပါသည်။

 

မြို့နယ်အတွင်း ထုတ်ပြန်ထား​သော စည်းကမ်းချက်များအား  အသိ​ပေးကြေညာချက်များကို ရပ်ကွက်/ ကျေးရွာ များတွင် အသံချဲ့စက်ဖြင့်လှည့်လည်​ကြေညာခြင်း ၊  မြို့နယ် ကိုဗစ်-၁၉ရောဂါ သတင်းမှန်ထုတ်ပြန်​ရေးအဖွဲ့ Facebook မှ တစ်ဆင့် အသိ​ပေး​ကြေညာခြင်းများပြုလုပ်၍ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌဦးဥက္ကာသန်း ၏ ဦး​ဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အဖွဲ့() ဖွဲ့ခွဲ၍  မြို့နယ်အတွင်းရှိ ပြည်သူများမှ ထုတ်ပြန်ထား​သောစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်စေရန်အတွက် စစ်​ဆေးကြပ်မတ် ဆောင်ရွက် လျှက်ရှိ​ကြောင်း နှင့်  ဇူလိုင် ၁၈ ရက်​နေ့က ကိုဗစ်-၁၉ ရောဂါပိုး​တွေ့လူနာ (၁၁၈) ဦး တွေ့ရှိခဲ့ပြီး (၃-၆-၂၀၂၁)ရက်နေ့မှ စ၍ ကိုဗစ်-၁၉ ရောဂါပိုး​တွေ့လူနာ စုစုပေါင်း (၄၆၅)ဦး ရှိ​ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ သိရသည်။

အေးဆု