ရွှေကူ၊ ၁၃ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ရွှေကူမြို့ ရွှေအင်းတော်မွေးမြူရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငါးကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေသည့် ရေလဲကျေးရွာရှိ လဟာကြီးအင်းအတွင်းမှ ပထမအကြိမ်အဖြစ် ငါးသိုင်းခေါင်းပွ၊ ငါးကြင်းဖြူနှင့် ငါးမုတ်ငါး အမျိုးအစား ငါးပိဿာချိန် ၁၀၀ ခန့် ထွက်ရှိပြီး ငါးအကြီး/အသေးအပေါ် မူတည်၍ ဒေသပေါက်ဈေး ငါးတစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ နှင့် ၄၅၀၀ နှုန်းရှိချိန်တွင် အင်းမှရရှိသည့်ငါးများအား အသင်းက ငါးတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ နှင့် ၃၂၀၀ နှုန်းဖြင့် အသင်းသားများနှင့် ဒေသခံစားသုံးသူပြည်သူ များထံသို့ ကိုဗစ်-၁၉ ရောဂါကာလအတွင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးဝင်းအောင် ထံမှ သိရသည်။
MDN


