ရွှေကျင် ၆ စက်တင်ဘာ 


ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နှင့်နီးကပ်စွာ စီးဆင်းနေသော ရွှေကျင်မြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၇၀ဝ)စင်တီမီတာနှင့် စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၁၀၇၀) စင်တီမီတာတို့ဖြစ်သည်။


စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် (၆၉၃)စင်တီမီတာနှင့် စစ်တောင်းမြစ်ရေသည် (၁၁၆၇)စင်တီမီတာသို့ ရောက်ရှိနေသည်။ အဆိုပါမြစ်ရေများ မြင့်တက်လာမှုကြောင့် မြစ်ကမ်းနံဘေးတွင် နေထိုင်ကြသည့် ဆုံကုန်းကျေးရွာ အနောက်ဘက်ကျေးရွာနှင့် အနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ညောင်ဝိုင်း/တရုတ်တန်းရပ်ကွက်များသို့ ရေဝင်ရောက်လာမှုကြောင့် ရေနစ်မြုပ်သည့် အိမ်ထောင်စုများမှာ နီးစပ်ရာဆွေမျိုးများအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။


ထွန်းထွန်းဇော် (ပြန်/ဆက်)