ရွှေစည်းခုံပုံတူ ဝိဇယာရာမ ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ

မိုင်းယောင်း ၂၆ ဒီဇင်ဘာ

 

မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတွင် တည်ထားကိုးကွယ်လျက်ရှိသည့် ဉာဏ်တော် ၃၆ ပေ အမြင့်ရှိ ရွှေစည်းခုံပုံတူ ဝိဇယာရာမ စေတီတော်မြတ်၏ ရွှေထီးတော်တင်လှူ ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံသိန်းနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ ရွှေထီးတော်ဘုံဆင့်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)