ပူတာအို  ၁ စက်တင်ဘာ    

လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓာတ်ပုံပြပွဲကို သြဂုတ် ၃၁ ရက် နံနက် ၉ နာရီက ပူတာအိုမြို့နယ် နမ်ရှယ်ရှီးဒီကျေးရွာ ခရစ်တော်၏ အသင်းတော်ဘုရားကျောင်း၌ ကျင်းပခဲ့သည်။

 

216

 

ပြပွဲတွင် စီမံကိန်းမှ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စီမံကိန်း သတင်းအချက်အလက်များ စသည့် သက်ဆိုင်ရာ ကဏ္ဍအလိုက် မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းနှင့် စီမံကိန်းတံဆိပ်ပါ တီရှပ်အင်္ကျီများ၊ ဦးထုပ်များ၊ လက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်များကို ပြပွဲသို့ တက်ရောက်လာသူများအား အမှတ်တရ ဖြန့်ဝေပေးခဲ့သည်။

 

196

 

အဆိုပါပြပွဲကို လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ မူဝါဒ လုပ်ဆောင်ချက်များနှင့် သတင်းအချက် အလက်များ၊ ဗဟုသုတများနှင့် မှတ်တမ်းဓာတ်ပုံများကို ဒေသခံပြည်သူများနှင့် ဓမ္မဆရာများ လေ့လာသိရှိခွင့်ရရှိပြီး လူထုဗဟိုပြု စီမံကိန်းအကြောင်းကို နားလည်သဘောပေါက်လာစေရန်၊ ကျေးရွာလူထုမှ စီမံကိန်းအကြောင်းကို ပိုမိုသိရှိပြီး ကျေးရွာကော်မတီဝင်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ကော်မတီဝင် အသစ်များအနေဖြင့် စီမံကိန်းအကြောင်း သိရှိနားလည်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပူတာအို ပြန်/ဆက်)

 

817