ပူတာအို ဖေဖော်ဝါရီ   ၁၂

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲ များကို ယနေ့ နံနက်ပိုင်းက သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။

 

ရှေးဦးစွာ နံနက်(၅)နာရီခွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ တန်းစီကွင်း၌ နိုင်ငံတော် အလံတင် အခမ်းအနားကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့၏ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက နိုင်ငံတော်အလံအားလွင့်ထူကြပြီး နိုင်ငံတော်အလံအား အလေးပြု ကြသည်။

 

ဆက်လက်၍ နံနက်(၇)နာရီတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပရာ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးစိုးထွန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ဖတ်ကြားသည်။

 

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သော အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

‌ေါe

 

ye

ဆက်လက်၍ နံနက်(၈)နာရီတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် မီတာ၁၀၀(ကျား၊မ)ပြိုင်ပွဲ၊ မီတာ ၂၀၀(ကျား၊မ) ပြိုင်ပွဲ၊ အာလူးကောက်(ကျား၊မ)ပြိုင်ပွဲ၊ မီတာ ၅၀၀၀(မ)ပြိုင်ပွဲ၊ မီတာ ၁၀၀၀၀(ကျား)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲကြောင်း သိရသည်။

ဘုန်းလက်ရာသစ်

 

 

 

ဖုန်း-၀၉၃၃၄၂၃၁၂၈