နေပြည်တော်၊ ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခန္တီကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို အဓမ္မသိမ်းဆည်းယူဆောင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပုလောမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်များတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့သော်လည်း အပြစ်မဲ့ဒေသခံပြည်သူများကို ဖမ်းဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းများမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ ကြောက်ရွံ့ထိတ်လန့်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်