ပုဂံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ကွင်းဆင်းပြုလုပ်

ပုဂံ   ဒီဇင်ဘာ   ၂

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးခင်မောင်မြင့် ဦးဆောင်သော ဝန်ထမ်းများက ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ပုဂံမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းသို့ သွားရောက်ပြီး ပုဂံမြို့ပေါ် ရပ်ကွက်များမှ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။

 

ထိုသို့ အခမဲ့ ကွင်းဆင်းပြုလုပ်ပေးရာတွင် ညောင်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထွဋ်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပုဂံမြို့ပေါ်ရှိ အနော်ရထာရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်နှင့် သီရိပစ္စယာရပ်ကွက်တို့မှ နိုင်ငံသား စိစစ်ရေးကတ် လာရောက်ပြုလုပ်သည့် ဒေသခံပြည်သူ ၇၂ ဦးအား အထောက်အထားများ စိစစ်၍ နေ့ချင်းပြီး အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)