နေပြည်တော် နိုဝင်ဘာ ၁၄

ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်) အထူးအထွေထွေ အစည်းဝေးနှင့် အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ နဝဒေးလမ်းရှိ CHID Bank (ရုံးချုပ်)၌ ကျင်းပ သည်။

အခမ်းအနားတွင် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက နိုင်ငံတစ်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဘဏ္ဍာရေးအထောက် အကူ ဝန်ဆောင်မှုပေးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီးများတွင် ဘဏ်ခွဲများ ဖွင့်လှစ် ဆောက်ရွက်ခဲ့ရာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှအပ  ဘဏ်ခွဲ(၁၈)ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် ပြည်နယ် (၂) ခုတွင် ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ CHID ဘဏ်အနေဖြင့် ဆောက်လုပ်ရေးချေးငွေနှင့် ကူးသန်းရောင်း ဝယ်ရေးချေးငွေများကို နှစ်စဉ်တိုးတက် ထုတ်ချေးပေး လျက်ရှိသည့်အပြင် အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးလျက် ရှိရာ တည်ဆောက်ရေး ချေးငွေစုစု ပေါင်း (၅၁ ရာခိုင်နှုန်း)နှင့် အိမ်ရာ ဝယ်ယူရေးချေးငွေ (၂၅ ရာခိုင်နှုန်း) ထုတ်ချေးပေးနိုင်ခဲ့ပါ ကြောင်း။
    
နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်ပါ ခွင့်ပြုငွေများဖြင့် ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ တင်ဒါအောင်မြင်သော ဆောက်လုပ်ရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန် ဘဏ္ဍာနှစ် ပြီးစီးရန်လိုအပ်နေသည့် ငွေကြေးများအား ထုတ်ချေးနိုင်ခဲ့ပြီး ဆောက်လုပ်ရေး ကုမ္ပဏီနှင့် လုပ်ငန်းရှင်(၆၆၈)ဦးကို ချေးငွေကျပ် (၉၇) ဘီလီယံအထိ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း၊ ယခုချိန်အထိအိမ်ရာချေးငွေ ရယူသူ (၆၀၆၇)ဦးကို ချေးငွေပမာဏ ငွေကျပ်(၇၁) ဘီလီယံ ဘဏ္ဍာငွေ ကြေးထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်းများ တိုးတက်ဆောက်ရွက် လာနိုင် သည်နှင့်အမျှ နိုင်ငံတော်သို့ ဝင်ငွေခွန်များကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ် တိုးမြင့်ပေးဆောင်လာခဲ့ရာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ငွေကျပ်(၁၈)ဘီလီယံ ကျော် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ပါကြောင်း။

ဘဏ်၏ Mission ဖြစ်သည့် ပြည်သူများ၏ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်း ပေးနိုင်သည့် ဘဏ်တစ်ခုဖြစ်ကြောင်း ပြည်သူများကိုယ်တိုင် စိတ်ချယုံကြည်အားကိုးရသည့် ဘဏ်ကြီး အဖြစ် ဆက်လက်တည်တံ့ ခိုင်မာလာစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုး မှုဖြင့် BOD အဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်များ၊ ဘဏ်ဝန်ထမ်းများအားလုံး ပူးပေါင်းကာ ဟန်ချက်ညီညီ ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဉက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်က ဘဏ်၏ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒ ပိုင်းဆိုင်ရာများ၊ ဘဏ်လုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရေးနှင့် ရှေ့ဆက်လက် ဆောက်ရွက် ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြောကြားသည်။


ဆက်လက်၍ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဒုတိယ ဥက္ကဋ္ဌ(၁)နှင့် ဒုတိယဥက္ကဋ္ဌ(၂)တို့က  ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
    
ယင်းနောက် ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး ဦးဝင်းဇော်က ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၏ ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (Constitution) ကိုတင်ပြ အတည်ပြုချက်ရယူသည်။
    
ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်စာရင်းများ နှင့် အမြတ်ဝေစုခွဲဝေမှုများကို တင်ပြအတည်ပြုချက်ရယူခြင်း၊ စာရင်းစစ် အစီရင်ခံစာတင်ပြ အတည်ပြုချက်ရယူခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်သုံးပုံတစ်ပုံ နှုတ်ထွက်ခြင်း၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ သက်တမ်း(၃)နှစ် မပြည့်သည့် နှုတ်ထွက်သော ဒါရိုက်တာများအား ပြန်လည်ခန့်အပ်ခြင်း၊ ၂၀၂၁ - ၂၀၂၂ ခုနှစ် အတွက် အစိုးရခန့် ဒါရိုက်တာများ၊ ရွေးချယ်ခံရသော ဒါရိုက်တာများနှင့် အမှုဆောင်မဟုတ်သော လွတ်လပ်သော ဒါရိုက်တာအဖွဲ့ဝင် အမည်စာရင်း ကြေညာငြာခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပ စာရင်းစစ်ခန့်ထားခြင်းနှင့် အခကြေးငွေသတ်မှတ်ခြင်း၊ Chief Executive Officer က အစုရှယ် ယာရှင်များမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများအားဖြေ  ကြားခြင်းတို့ကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပြီး ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)

mdn