နေပြည်တော် ဒီဇင်ဘာ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာ၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်း အောင်သမဝါယမတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် နွားမွေးမြူရေးခြံတည်ဆောက်မည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ် သက်ဆိုင်ရာ တာဝန်ရှိသူများက တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ နွားမွေးမြူရေးခြံ ဆောင်ရွက်မည့် အခြေ အနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်