နေပြည်တော် ဇူလိုင် ၄

 

လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့တွင် လာအိုနိုင်ငံအလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီး Mr. Phoxay Sayasone နှင့် အဆိုပါဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လာအိုနိုင်ငံတွင် ရောက်ရှိနေသော အထောက် အထားမဲ့ မြန်မာအလုပ်သမားများအတွက် Certificate of Identity ထုတ်ပေးရေးကိစ္စ၊ အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် အကာအကွယ်များရရှိစေရန် နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွှန်လွှာပါ သဘောတူညီမှုများအရ အလုပ်သမားများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်ရေးကိစ္စနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ ကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်