နေပြည်တော်   ၁၆  ဩဂုတ် 


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မင်းဝံတောင် ဘေးမဲ့ကာကွယ်တော အတွင်း တောင်ဖီလာကျောင်းတိုက်အနီး တောင်စောင်းများတစ်လျှောက် ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးအတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာနမှ စမ်းသပ်စိုက်ပျိုးထား သည့် ဗာတီဗာမြက်စိုက်ခင်းအား ကြည့်ရှု့စစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ ခိုတောင်ရွာအနီး၊ မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ကြားခံနယ်မြေအတွင်း Golden Hook Manufacturing ကုမ္ပဏီမှ စိုက်ပျိုးတည်ထောင်ထားသော နံသာဖြူစိုက်ခင်းသို့ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိ သူများက စိုက်ခင်းရှင်းလင်းဆောင်၌ နံသာနီ၊ နံသာဖြူအပင်များ ပျိုးထောင်ထားရှိမှုနှင့်  စပရူလိုင်းနာ စိမ်းပြာရေညှိ မွေးမြူထုတ်လုပ်နိုင်သည့်အခြေအနေများ၊ စစ်ကိုင်းတိုင်း ဒေသ ကြီး၊ သစ်တောဉီးစီးဌာနမှ မင်းဝံတောင်ဘေးမဲ့ကာကွယ်တောအတွင်း မြေအသုံးချမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ အား ဆွေးနွေးမေးမြန်းပြီး  မင်းဝံတောင်ဘေးမဲ့ကာကွယ်တော မြေအသုံး ချမှုများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများအား မှာကြားသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ မြတ်နိုးသူကုမ္ပဏီ၏ အထပ်သားနှင့် သစ်အချောထည်ထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှု့လေ့လာသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ ပတ္တမြား စက်မှုဇုန်အတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ မန္တလေးဖောင်ဖွဲ့ရေးဒေသ၊  မြရတနာ သစ်ဆိပ်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေး သာစံမြို့နယ်၊ ၃၅ လမ်းနှင့် ၆၄ လမ်းထောင့်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ် ငန်း၊ မန္တလေးစခန်းရုံးဝင်းအတွင်းဖွင့်လှစ်ထားရှိသော ကျောက်မျက်အချောထည်များ စုပေါင်း စစ်ဆေးရေးစခန်း (One Stop Service) သို့ရောက်ရှိရာ တာဝန်ရှိသူများက ကျောက်မျက် အချောထည်များအား တန်ဘိုးဖြတ်အဖွဲ့မှ တန်ဘိုးဖြတ်ခြင်း၊ အခွန်ဆောင် ခြင်း၊ သယ်ယူ ခွင့်ထုတ်ပေးခြင်း၊ စာရင်းဇယားများ စနစ်တကျရေးသွင်းခြင်း ဆောင်ရွက် မှုလုပ်ငန်း အဆင့်ဆင့်အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး အဆိုပါစခန်းရုံးဝင်းအတွင်း ဝန်ထမ်း အိမ်ရာဆောက်လုပ်ရေးအတွက် မြေနေရာရရှိနိုင်မည့် အခြေအနေအား တင်ပြဆောင် ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်

 

1