နေပြည်တော်  မတ်

 

ဖရဲ၊ သခွားမွှေးသီးနှံစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ နာရီတွင် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကမ်းကျေးရွာအုပ်စု၊ ဇီးရိုင်းကျေးရွာတွင် ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် စားသုံးသူ ပြည်သူများအကြား အချိတ်အဆက်မိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းမှထွက်ရှိသော ရာသီပေါ်သီးနှံများအား ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ တင်ပို့သောသီးနှံများအား သန့်ရှင်းလတ်ဆတ်ပြီး ရောဂါပိုးမွှားကင်းစင်သည့် အရည်အသွေးမြင့်သီးနှံများနှင့် မျိုးကောင်းမျိုးသန့်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ အခြားပြည်ပပို့ကုန်များဖြစ်သော ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်းတို့အား လက်ရှိအချိန်တွင်  ကုန်ကြမ်းအတိုင်းသာ တင်ပို့နေရသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်တင်ပို့နိုင်ရေးကိုလည်း အားပေးကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်ပစ္စည်းစိုက်ပျိုးထုတ်လုပ်သူများ၊ ဝယ်ယူရောင်းချသူများ၊ ပြည်တွင်း/ပြည်ပသို့ တင်ပို့ရောင်းချသူများ စသည့်လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပါဝင်ပတ်သက်နေသူများကိုစုစည်း၍ လုပ်ငန်းကဏ္ဍအလိုက် အသင်းအဖွဲ့များဖွဲ့စည်း တည်ထောင်ပေးလျက်ရှိကြောင်း၊ အသင်းအဖွဲ့ ဖွဲစည်းခြင်းဖြင့် နည်းပညာပိုင်းဆိုင်ရာများ၊ စျေးကွက်ပိုင်းဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့် နှီးနှောတိုင်ပင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းအားဖြင့်လည်း မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများအား ပြည်ပနိုင်ငံများမှ သိရှိနိုင်မည်ဖြစ်သည့်အတွက် ကုန်စည်ပြပွဲများကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ryy221

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက သီးနှံများ စိုက်ပျိုးတင်ပို့မှုဆိုင်ရာများအား အကျယ်တဝင့် ရှင်းလင်းကြသည်။

 

ဆက်လက်ပြီး တက်ရောက်လာကြသော ဖရဲ၊ သခွားစိုက်တောင်သူများက တွေ့ကြုံနေရသည့် အခက်အခဲများအား တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက် ရှင်းလင်းပေးပြီး ဖရဲစိုက်တောင်သူ ဦးကျော်သောင်း၏ ဖရဲစိုက်ခင်းဧက (၅၀) တွင် စိုက်ပျိုးဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်