မန္တလေး ၁၆  သြဂုတ် 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားဌာနခွဲ(မန္တလေးဗျူရို)နှင့် ကိုယ်ပွားသတင်းစာတိုက် (မန္တလေး)တို့ကို ကြည့်ရှုစစ်ဆေးသည်။

မန္တလေးဗျူရိုတွင် ပြည်ထောင်စုဝန်ကြီးအား အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ရန်ကုန်နှင့် မန္တလေးသတင်းဌာနများအပြင် တိုင်းရင်းသားလူမျိုးများရုပ်သံနှင့် အသံလွှင့်ဗျူရိုရုံးများ ဖြန့်ခွဲထားရှိပြီး တာဝန် ထမ်းဆောင်မှုအခြေအနေများကို ဦးစွာရှင်းလင်းတင်ပြသည်။

 

mdn

 

ဆက်လက်၍ မန္တလေးဗျူရို တာဝန်ခံအရာရှိ ဦးစောနိုင်ထွန်းက ဝန်ထမ်း ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်ခွဲဝေလုပ်ဆောင်မှု၊ စက်ပစ္စည်းများနှင့်  ဝန်ထမ်းရေးရာကိစ္စရပ် များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နည်းပညာပြောင်းလဲ တိုးတက်မှုနှင့်အညီ ဝန်ထမ်းများအနေဖြင့် လိုက်ပါပြောင်းလဲဆောင်ရွက်နိုင်ရန်၊ သတင်းရယူပေးပို့မှုများ လျင်မြန်တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ၏ သတင်းပို့ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးဗျူရို၌  မီနီစတူဒီယို ဆောက်လုပ်နေမှုနှင့် ရုပ်သံ Uplink တင်ပို့မှု စက်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

mdn

 

ဆက်လက်၍ ကိုယ်ပွားသတင်းစာတိုက်(မန္တလေး)သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ခံအရာရှိ စာတည်းမှူး ဦးသန်းဦးက ဝန်ထမ်းဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်ခွဲဝေ လုပ်ဆောင်မှု၊ သတင်းရယူပေးပို့မှုနှင့် မန္တလေးစာမျက်နှာ ဖွဲ့စည်းဆောင်ရွက်မှု၊ သတင်းစာပုံနှိပ်လုပ်ငန်းနှင့် ဖြန့်ချိရေးဆောင်ရွက်မှု၊ ကြော်ငြာလက်ခံဆောင်ရွက်မှု နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးစာမျက်နှာကို လိုဂို၊  ဒီဇိုင်းမှစ၍ စာမူနှင့် ကာတွန်းများ အပါအဝင် အသွင်အပြင် ပြောင်းလဲထုတ်ဝေရန်၊ ဝန်ထမ်းများ အလုပ်တာဝန် ခွဲဝေချထားမှု စနစ်တကျဖြစ်စေရန်နှင့် တိုးတက်မှုရှိအောင် ဆောင်ရွက်ရန်မှာကြားပြီး အဆောက်အဦ ပြင်/ထိန်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 

သတင်းစဉ်