ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ချင်းခရစ်ယာန် သဟာယအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၆  သြဂုတ် 


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ချင်း ခရစ်ယာန် သဟာယအဖွဲ့မှဥက္ကဋ္ဌ ဒေါက်တာ ဦးစောထွန်းအောင်မြင့် ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ချင်း ခရစ်ယာန် သဟာယအဖွဲ့က ရုပ်သံလိုင်းထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းပြီး ပြည်ထောင်စုဝန်ကြီးက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေထွက်ရှိကာ ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီ ပေါ်ပေါက်လာသည့် အချိန်ရောက်မှသာ ကောင်စီက သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်းနှင့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 


(သတင်းစဉ်)

 

KYS_426