နေပြည်တော် မတ်

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဂျွန်နေလ်စင်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ () ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ဆောင်ရွက်နေမှု၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ဆောင်ရွက်နေမှု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူလူထု အသိပညာပေးလုပ်ငန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအတွက် ကျင့်ဝတ် (Code of Conduct) ပြန်လည်ပြင်ဆင်နေမှု အခြေအနေများ၊ Social Media ပေါ်မှ အမုန်းစကားများ၊ သတင်းအမှားများကို ကာကွယ်တားဆီးသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

 

123ew