မိုးညှင်း ၂၁ သြဂုတ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု မော်ဟဲကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကချင်ပြည်နယ်အဝင် တိုးဂိတ်ဆောက်လုပ်ပြီးစီးလျက်ရှိပြီး မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
“တိုးဂိတ်ဆောက်လုပ်မှုမှာ ရာခိုင်နှုန်းနီးပါးပြီးစီးနေပြီ ဖြစ်ပါတယ်။ တန်ပိုကားများ ချိန်တွယ်တဲ့ စစ်ဆေးရေးလမ်းပိုင်းက ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရာမှာ လွတ်ကင်းမှုမရှိတဲ့ လမ်းဘေးရှိ 11KV ဓာတ်လိုင်းကြိုး ကွန်ကရစ်တိုင်(၂)တိုင်ကို ဘေးအန္တရာယ်လွတ်ကင်းရာသို့ ပြောင်းလဲစိုက်ထူဖို့ပဲ ကျန်ပါတော့တယ်” ဟု မနောဧကရီဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်ရေး မန်နေဂျာ ဦးအောင်လင်းက ပြောသည်။
အဆိုပါ လွတ်ကင်းမှုမရှိသည့် လမ်းဘေးရှိ 11KV ဓာတ်လိုင်းကြိုး ကွန်ကရစ်တိုင်(၂)တိုင်ကို ယနေ့ နံနက် ၁၀ နာရီခွဲက မိုးညှင်းမြို့နယ် လျှပ်စစ်မှူး ဦးဇေယျာလွင်အဖွဲ့နှင့် မနောဧကရီ ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ရေးမန်နေဂျာ ဦးအောင်လင်းတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး 11KV ကွန်ကရစ်တိုင်(၂)တိုင်ကို ပြောင်းလဲတပ်ဆင်ပြီးပါက ကချင်ပြည်နယ်အဝင်တိုးဂိတ်ကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဝ၇၈


