ပွင့်ဖြူမြို့နယ်၌ RDT Test Kits ဖြင့် ဒေသခံပြည်သူ ၅၃ ဦးအား အခမဲ့ ရောဂါရှာဖွေစစ်ဆေးပေးရာ ၄ ဦး ရောဂါပိုးစစ်ဆေးတွေ့ရှိ

ပွင့်ဖြူ စက်တင်ဘာ ၁၈

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် RDT Test Kits ဖြင့် အခမဲ့ ရောဂါရှာဖွေ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျန်းမာရေး စစ်ဆေးလိုသော ဒေသခံပြည်သူများနှင့် ပိုးတွေ့အတည်ပြု လူနာများနှင့် ထိတွေ့မှုရှိသူ (၅၃) ဦးအား RDT Test Kits ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးပေးရာ () ဦးတွင် ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

 

မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက Volunteer အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကျေးရွာ()ရွာမှ ဒေသခံ ပြည်သူ (၄၆) ဦးနှင့် ကိုဗစ်ပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူ () ဦးတို့အား RDT Test Kits ဖြင့် ရှာဖွေစစ်ဆေးပေးခဲ့ရာ () ဦး ကိုဗစ်ပိုး တွေ့ရှိခဲ့သဖြင့် အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူများကို မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းက ပွင့်ဖြူမြို့၊ (..က)ကျောင်းတွင် စီစဉ်ထားရှိသော ယာယီဆေးကုသဆောင် (Treatment Centre) ပို့ဆောင်ထားရှိပြီး လိုအပ်သော ကျန်းမာရေးဆေးကုသမှုများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့မှ ယနေ့အထိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၈၂၈ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ ၇၄၇ ဦး၊ ဆေးဝါးကုသမှု ခံယူနေဆဲ ပိုးတွေ့အတည်ပြုလူနာ ၃၂ ဦး၊ သေဆုံးသူ (၄၉) ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ  သိရသည်။ 

 

 

ရဲဝင်းနိုင် (ညောင်ဦး)