နောင်တရား ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်ကျေးရွာ ရှမ်းချယ်ရီခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဇော်ထက်က ပြည့်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအရ အကျုံးဝင်သူများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဦးစိန်လှမောင်က ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်စိုးမြင့်က ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ ခံစားနိုင်မည့်အကျိုးခံစားခွင့်များ အကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့်ပြည်သူများက သိရှိလိုသည့်အကြောင်းအရာများကို ပြန်လည်မေးမြန်းပြီးမြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှပြန်လည်ဆွေးနွေးဖြေကြားသည်။ အသိပညာပေး ဟောပြောပွဲသို့ ဒေသခံပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
ပြန်/ဆက်