ပခုက္ကူ ၁၀   အောက်တိုဘာ   

 

ပခုက္ကူမြို့နယ်သမဝါယမသင်းမှ ပခုက္ကူဆေးရုံကြီးသို့ အောက်ဆီဂျင်ဆလင်ဒါအိုးများ နှင့်အောက်ဆီဂျင်ဖြည့်တင်းရန်နှင့် ကျောက်ကပ်သန့်စင်ရေးလုပ်ငန်းများအတွက် အလှူတော်ငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆေးရုံကြီးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ပခုက္ကူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးပိုက်ကိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်တို့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်လွင်နှင့် ပခုက္ကူမြို့နယ် သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ ဒေါ်ဖြူဖြူစံတို့က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အောက်ဆီဂျင်ဆလင်ဒါအိုး ၅ လုံး၊ အောက်ဆီဂျင်ဖြည့်တင်းရန်ကျပ်နှစ်သိန်းနှင့် ကျောက်ကပ်သန့်စင်ရေးလုပ်ငန်းများအတွက် ကျပ်နှစ်သိန်းပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ မြတ်မြတ်မိုးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

 

 ယနေ့လှူဒါန်းငွေတန်ဖိုး စုစုပေါင်းမှာ ကျပ် ၁၀ ဒသမ ၅ သိန်းဖြစ်ကြောင်း သိရသည်။

 

ကိုတမာ