ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၄၉ ဦး ထပ်မံသေဆုံး

 

မနီလာ စက်တင်ဘာ ၇

 

ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၄၉ ဦး ထပ်မံသေဆုံးခဲ့သည့်အတွက် အဆိုပါရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၆၂၁၆၇ ဦးရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

ကူးစက်ခံရသူ ၁၇၅၀ ထပ်မံတွေ့ရှိ

 

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၁၇၅၀ ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၃၈၉၆၅၄၁ ဦးရှိကြောင်း သိရသည်။

 

လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၂၂၈၈၉ ဦး ရှိသည်။ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၆၆၅ ဦးသည် မြို့တော်မနီလာမှ တွေ့ရှိရခြင်းဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီ ၁၅ ရက်တွင် နေ့စဉ် ကူးစက်မှုအရေအတွက် ၃၉၀၀၄ ဦးဖြင့် စံချိန်တင်ခဲ့သည်။

 

လူဦးရေ သန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ပြည်သူ ၇၂ ဒသမ ၆ သန်းကျော်အား ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်