ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ၄၄ ဦး ထပ်မံသေဆုံး 

 

 

မနီလာ  အောက်တိုဘာ  ၂၀

 

ဖိလစ်ပိုင်နိုင်ငံ၌ အောက်တိုဘာ ၁၉ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၃၇၉ ဦး ရှိကြောင်း ဖော်ပြမှုနှင့်အတူ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၃၉၈၇၃၁၆ ဦးအထိ ရှိလာပြီဖြစ်သည်။

 

လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၃၃၄၇ ဦး အထိ ကျဆင်းခဲ့ကြောင်း ကျန်းမာရေးဌာနက ပြောကြားသည်။ သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ၄၄ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူပေါင်းမှာ ၆၃၆၂၅ ဦးအထိ ရောက်ရှိလာသည်။

 

လူဦးရေ ၁၃ သန်းကျော် နေထိုင်သည့် မြို့တော်မနီလာ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၄၇၂ ဦးရှိသည်။ မြို့တော် မနီလာ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် အကျဘက်သို့ ရောက်လာပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီ ၁၅ ရက်ကို ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အများဆုံးရက်အဖြစ် မှတ်တမ်းတင်ဖော်ပြခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၉၀၀၄ ဦး ရှိခဲ့သည်။

 

လူဦးရေ သန်း ၁၁၀ နီးပါး မှီတင်းနေထိုင်သော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ ၇၃ ဒသမ ၄ သန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးပြီဖြစ်သည်။

 

 ဆင်ဟွာ