ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ၃၃ ဦး ထပ်မံသေဆုံး

 

မနီလာ စက်တင်ဘာ ၂၉

 

ဖိလစ်ပိုင်နိုင်ငံ၌ စက်တင်ဘာ ၂၈ ရက်က ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူအသစ် ၁၅၀၀ ရှိ ကြောင်း ဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၉၄၃၁၅၃ ဦး ရှိကြောင်း ကျန်းမာရေးဌာနက ဖော်ပြခဲ့သည်။

 

ကျန်းမာရေးဌာနက လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၂၇၅၅၃ ဦး ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် နောက်ထပ် ၃၃ ဦး သေဆုံးမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူပေါင်း ၆၂၈၈၂ ဦးအထိ ရှိလာခဲ့သည်။

 

မြို့တော်မနီလာ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအသစ် ၆၇၁ ဦး ရှိမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၃ သန်းကျော်ရှိသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်တစ်ရက်တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၉၀၀၄ ဦးရှိခဲ့ကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့သည်။ လူဦးရေ သန်း ၁၁၀ ရှိ သော ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၇၃ သန်းရှိသည်။

 

ဆင်ဟွာ