ပေါင်းတည် ဇူလိုင် ၅

 

ပြည်မြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ပေါင်းတည်မြို့နယ် ဒေသခံပြည်သူများအား ဇူလိုင် ၄ ရက်က ကွင်းဆင်းစစ်ဆေးကုသမှုများပေးကြသည်။

 

ထိုသို့ ကုသပေးရာတွင် ပေါင်းတည်မြို့နယ်၌ အထွေထွေဖျားနာလူနာ ၁၅၇ ဦး၊ ခွဲစိတ်လူနာ ၂၈ ဦး၊ သားဖွားမီးယပ်လူနာ ၃၃ ဦး၊ ကလေးလူနာ ၁၃ ဦး၊ အရိုးအကြောလူနာ ၁၂၅ ဦး၊ မျက်စိလူနာ ၉၀၊ နားနှာခေါင်း လည်ချောင်းလူနာ ၂၈ ဦး၊ သွားရောဂါလူနာ ၂၁ ဦး၊ တီဗွီဓာတ်မှန်ဖြင့် ရောဂါရှာဖွေ စစ်ဆေးပေးသူ ၇၅ ဦး စုစုပေါင်းလူနာ ၅၇၀ အား ကွင်းဆင်းစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)