ပေါက်ခေါင်း ၃၁ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ယနေ့နံနက် ၄ နာရီခန့်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာရှိနေအိမ်များ၊ ဌာနဆိုင်ရာရုံးများတွင် ရေကြီးမှုဖြစ်ပေါ်ခြင်း၊ ပေါက်ခေါင်း-ပြည် ကားလမ်းပိုင်း ရေလွှမ်းခြင်းနှင့် တံတားတစ်စင်း ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပေါက်ခေါင်း-အုတ်တွင်း ကားလမ်းရှိ ပေ ၁၉၀ အရှည် သံဘောင်ဘေလီ ညောင်ဝန်းတံတားသည် ရေစီးနှင့်အတူ မျောပါပျက်စီးပြီး တံတားအထက်ပိုင်းရှိ နေအိမ်(၆)လုံးမှာလည်း ရေတိုက်စားပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးမှုဖြစ်ပွားရာသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများ ပရဟိတအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်


