One Direction အဖွဲ့သားဖြစ်ခဲ့ရသည့် နေ့ရက်များအတွက် ရှက်ရွံ့မှုမရှိဟု ဟယ်ရီစတိုင် ပြော

  ဒီဇင်ဘာ

အခုတလောမှာတော့ One Direction အဖွဲ့သားတစ်ဦးဖြစ်တဲ့ ဟယ်ရီစတိုင်ဟာ တစ်ဦးတည်း မဂ္ဂဇင်း၊ ဓာတ်ပုံတွေ ရိုက်ကူးနေပါတယ်။ အတိတ်ကာလက သူ့ရဲ့ အဖွဲ့ဟောင်းဖြစ်တဲ့ One Directionအဖွဲ့ အတွင်းမှာ နေခဲ့တဲ့ရက်တွေအတွင်း ကောင်းမွန်တဲ့အရာတွေ အများကြီးရှိခဲ့ပါတယ်။

လူတွေဟာ အဖွဲ့ဟောင်းကနေထွက်လာပြီး တစ်ဦးတည်းအလုပ်တွေစလုပ်ပြီဆိုရင် အဖွဲ့အတွင်းမှာနေခဲ့တဲ့ နေ့ရက်တွေအတွက် တောင်းပန်ရမယ်လို့ ခံစားကြပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုမဟုတ်ပါဘူးလို့ ဟယ်ရီစတိုင်က ပြောပါတယ်။

အခုအခါမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုလုပ်ကိုင်နေပြီး One Direction အဖွဲ့သားဖြစ်ခဲ့တဲ့ ကာလတွေကိုလည်း အမှတ်တရနဲ့ ချစ်နေဦးမှာပါလို့ ပြောပါတယ်။ One Direction အဖွဲ့ထဲမှာနေခဲ့တုန်းက အများကြီးသင်ယူ လေ့လာနိုင်ခဲ့တယ်လို့ ဟယ်ရီစတိုင်ကပြောပါတယ်။ အခုဆိုရင်တော့ One Direction အဖွဲ့သားတွေဟာ ကိုယ်ပိုင်အလုပ်ကိုယ်စီနဲ့ တစ်ဦးချင်း လျှောက်လှမ်းနေကြပြီပဲ ဖြစ်ပါတယ်။

စကိုင်းနယူး