နယူးဇီလန်တွင် သီတင်းပတ်တစ်ပတ်ကြာ ကိုဗစ်-၁၉ ထပ်မံကူးစက်မှုမရှိ

၂၉ မေ

 

နယူးဇီလန်နိုင်ငံတွင် သောကြာနေ့အထိ ခုနစ်ရက်ကြာ ကိုဗစ်-၁၉ ထပ်မံ ကူးစက်မှုမရှိကြောင်း အတည်ပြုပြီး ဖြစ်နိုင်ချေရှိ ရောဂါဖြစ်ပွားမှုပေါင်း ၁၅၀၄ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ကိုဗစ်-၁၉ အတည်ပြု ကူးစက်ခံရမှု စုစုပေါင်း ၁၁၅၄ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၄၈၁ ဦး ရှိသည်။

 

အော့ကလန် နေအိမ်တွင် နေထိုင်သော အသက် ၉၀ အရွယ် ဟန်တာ ဆိုသူ  ထပ်မံသေဆုံးခဲ့ပြီးနောက်ပိုင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၂ ဦး ရှိသည် ။

 

နေအိမ်နှင့် နေအိမ်ပြင်ပရှိ ဖြစ်ရပ်များ အပါအဝင်  ဘာသာရေးပွဲများ၊ ပါတီများ၊ မင်္ဂလာပွဲများ နှင့် အသုဘများကဲ့သို့သော လူစုလူဝေးပွဲများတွင် လူဦးရေ ၁၀၀ အထိ စုဝေးခွင့်ပြုထားသည်။

 

နယူးဇီလန်နိုင်ငံ လူအုပ်စုအတွင်းရှိ ကျန်းမာသန်စွမ်းသူများသည် မျက်နှာဖုံးတပ်ဆင်ရန် မလိုအပ်ကြောင်း ထိုကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

မျက်နှာဖုံးအမျိုးမျိုးကို မှန်မှန်ကန်ကန်အသုံးမပြုခြင်းကြောင့် ရောဂါကူးစက်နိုင်ခြေရှိသဖြင့် မျက်နှာဖုံးကို လုံလုံခြုံခြုံအသုံးပြုကြရန် တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို