တီးတိန်မြို့နယ်တွင် မျောက်ငိုသီးပေါ်ချိန်ဖြစ်၍ တောင်သူများ အပိုဝင်ငွေရရှိ
တီးတိန် ၂၂ ဖေဖော်ဝါရီ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဒေသအနေအထားနှင့် ကိုက်ညီသည့် မျောက်ငိုပင်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မျောက်ငိုသီးလှိုင်လှိုင် ပေါ်နေပြီ ဖြစ်၍ တောင်သူများ အပိုဝင်ငွေများ ရရှိကြောင်းသိရသည်။