ညောင်ဦး ၁၅ ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက မဏီစည်သူဈေးနှင့် လမ်းမတော်လမ်းတွင် ပြုလုပ်ဆောင်ရွက်သည်။

 

poi1

 

“ပုဂံ-ညောင်ဦးမှာနေကြတဲ့ မိဘပြည်သူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို ပိုမိုသိရှိနားလည် လာစေဖို့နဲ့ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီးတော့မှ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု အမှတ်(၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်သျှန်အောင်က ရှင်းပြသည်။

ညောင်ဦးမြို့ အမှတ်(၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် မဏီစည်သူဈေးရှေ့ ဖြတ်သန်းသွားလာကြသည့် မော်တော်ဆိုင်ကယ်၊ ကားနှင့် အခြားယာဉ်မောင်းနှင်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ယာဉ်အန္တရာယ်ဆိုင်ရာ ပိုစတာများပြသခြင်းနှင့် ဗီနိုင်းဖြင့် အသေးစိတ် ရှင်းလင်းပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)