ညောင်ဦးမြို့နယ်၌ တောင်သူလက်ဝယ်အရောက် မြေယာလျော်ကြေးငွေပေးအပ်

ညောင်ဦး   ဒီဇင်ဘာ   ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ရုံးမြေနေရာအဖြစ် သုံးခဲ့သည့် နေရာအတွင် မူလတောင်သူများလက်ဝယ်သို့ လျော်ကြေးငွေပေး အပ်ခြင်းကို ညောင်ဦးမြို့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရုံးခန်းတွင် ဒီဇင်ဘာ ၄ ရက် နံနက် ၈ နာရီက ပေးအပ်ခဲ့သည်။

မြေယာလျော်ကြေးငွေ ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၊ ညောင်ဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒေါ်ခင်ခင်လင်း (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများ တက်ရောက်ကြပြီး ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ်( ၆၆/၅)အတွက် တောင်သူ ဦးသန်းအောင်အား လျော်ကြေးငွေတစ်ဧကလျှင် ၁၂၅၀၀၀၀၀ နှုန်းဖြင့် (၀.၈၃) မြေဧကအတွက် လျော်ကြေးငွေကျပ် ၁၀၃၇၅၀၀၀ ကို အသိသက်သေများရှေ့တွင် ပေးအပ်လက်ခံရယူခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနန်းတင့်ထံမှ သိရသည်။ 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)