ညောင်ဦး၊ ၁၄ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကင်ဇလုပ်ကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ မှီခိုအားထား ပြုနေရသည့် စက်ရေတွင်းမှာ ရေမော်တာချွတ်ယွင်းပျက်စီးသွားသဖြင့် သောက်သုံးရေအခက်ကြုံတွေ့နေကြောင်း သိရ၍ ယနေ့ နံနက်ပိုင်းက ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် အရှင်သာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတ ရေလှူအဖွဲ့က ချွတ်ယွင်းပျက်စီးသည့်စက်ရေတွင်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကင်းဇလုပ်ကျေးရွာသည် အိမ်ခြေ ၁၅၀ ကျော်၊ လူဦးရေ ၁၀၀၀ နီးပါးခန့် ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကစီးပွားဖြစ်လုပ်ကိုင်ကြကာ နှစ်စဉ် သောက်သုံးရေအတွက် ကျေးရွာရှိ စက်ရေတွင်းအား မှီခိုအားထားနေရကြောင်း အဆိုပါ ကျေးရွာရှိ ဒေသခံပြည်သူများထံက သိရသည်။
ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် ကင်းဇလုပ်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်စေရေးအတွက် ချွတ်ယွင်းပျက်စီးသည့် စက်ရေတွင်းအား ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် အရှင်သာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတရေလှူအဖွဲ့က ပြန်လည်ပြုပြင်ဆောင်ရွက် ပေးခဲ့ရာ ယခုအခါ စက်ရေတွင်းမှာ သောက်သုံးရေပြန်လည်ရရှိသွားပြီဖြစ်၍ ကျေးရွာနေပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် အရှင်သာဂရ ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)