ဟင်္သာတ ဇူလိုင် ၈

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ နည်းပညာတက္ကသိုလ် (ဟင်္သာတ)နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဒေါက်တာစိုးမိုးထွန်း ပါမောက္ခချုပ်(တာဝန်)က အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည် ထက်ထက်လင်းအောင်က “ကူးစက်ရောဂါအကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှဦးစီးအရာရှိ ဒေါ်မေသန္တာက “ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သူနာပြုဆရာမကြီး ဒေါ်လင်းလင်းမြတ်က “ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)