နမ့်ခမ်းမြို့  စည်ပင်သာယာဈေးအတွင်း၌ ဈေးဆိုင်ရောင်းချသူများအား  ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေး 

နမ့်ခမ်း    အောက်တိုဘာ       ၂၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ စည်ပင်သာယာဈေးအတွင်းမှ ဈေးဆိုင်ရောင်းချသူများ အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ရှိ မရှိ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

 

နမ့်ခမ်းမြို့ စည်ပင်သာယာဈေးအတွင်း ဈေးဆိုင်ရောင်းချသူ တစ်ထောင်ကျော်ရှိသည့်အနက်မှ ယနေ့တွင် ဈေးဆိုင်ရောင်းချသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းရှိမရှိ သိရှိနိုင်ရန် ဈေးဆိုင်ရောင်းချသူ (၃၀၀) ကျော် လာရောက်စစ်ဆေးခဲ့သည်။

 

ဈေးဆိုင်ရောင်းချသူများမှ အများစုသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများဖြစ်ကြပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားခြင်းမှ ပိုမိုထိရောက်ကာကွယ်နိုင်ရန်အတွက် စစ်ဆေးပေးသည်ဖြစ်ကြောင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထံမှ သိရသည်။

 

ယနေ့တွင် ဆောင်ရွက်သည့် ဈေးဆိုင်ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးခြင်းတွင် ဈေးဆိုင်ရောင်းချသူ (၃၀၀)  ခန့်စစ်ဆေးပြီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူမရှိကြောင်း တာဝန်ကျ မြို့နယ် ကျန်းမာရေး သူနာပြုဆရာမတစ်ဦးထံမှ သိရသည်။

 

ဆိုင်ထွန်း( နမ့်ခမ်း)