ရန်ကုန် ဇန်နဝါရီ ၁၅

 

စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၁၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ သင်တန်းဆင်းတပ်ခွဲက ပါမေက္ခချုပ်အား အလေပြုပြီနိုင်ငံတော်အလံအား အလေးပြုကြသည်။

 

ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို ဦးရန်နိုင်စိုး၊ အကြီးတန်းစာရေး၊ အကောက်ခွန်ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သင်တန်းသူစံပြဆုကို ဒေါ်သင်းရတနာစိုး၊ အငယ်တန်းစာရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ကို လည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။       

 

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၁၂၀)ဦး သင်တန်းသူ (၂၃၃)ဦး စုစုပေါင်း (၃၅၃)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ၂၀၂၄ နိုဝင်ဘာ ၄ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၁၅ ရက်အထိ ဖွင့်လှစ်ကြေင် သတင်းရရှိသည်။

 

သတင်းစဉ်