ရန်ကုန် မတ်

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် တွံတေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် တွံတေးတူးမြောင်းအတွင်းရှိ ရေများကို အဆင့်ဆင့်သန့်စင်ပြီး တစ်နေ့လျှင် ရေဂါလန်(.)သန်း ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံကြီးကို  ဂျပန်နိုင်ငံအစိုးရ အကူအညီ ဂျပန်ယန်း(.၁၇၆) ဘီလီယံဖြင့်  တည်ဆောက်သွားမည်ဖြစ်သည်။  စီမံကိန်းကာလကို  ၂၀၂၀ ပြည့်နှစ်တွင် စတင်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ယခုအခါ ရေပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာ အတုလသာရဇေယျ သိင်္ဃစေတီတော် ဦးပြူးဘုရား အာရုံခံတန်ဆောင်း၌ ယနေ့ နံနက် နာရီခွဲက ရန်ကုန်တောင်ပိုင်းခရိုင် ရေရရှိရေးစီမံကိန်း အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း ပြည်သူလူထုနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး တွေ့ဆုံပွဲတွင်  ဒလမဲဆန္ဒနယ်မှ  အမှတ်() ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်နှင့် တွံတေးမဲဆန္ဒနယ်မှ အမှတ်() ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ လက်ထောက်ဌာနမှူး  ဒေါ်သင်းသင်းစိုးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်ဦးစီးမှူး ဦးသန့်ဇင်ဦးတို့က စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး Resources and Environment Myanmar (ERM) မှ ဒေါ်လဲ့လဲ့ဝင်းက စီမံကိန်းလုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဒလမြို့နယ်နှင့် တွံတေးမြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး Japan Expert Ms.Yamada  က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ ဒလမြို့နယ် ရေပေးဝေရေးစနစ်၏ ပိုက်လိုင်းကွန်ရက်အတွင်းသို့ ပိုက်လိုင်းစနစ်ဖြင့် သောက်သုံးရေ အားဖြည့်ပေးနိုင်ရန်နှင့် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များသို့ ရေသန့်ဘူးများဖြင့်လည်းကောင်း၊ ရေကားများဖြင့်လည်းကောင်း၊ သောက်ရေသန့် ဖြန့်ဖြူးနိုင်ရန် ရေသန့်စင်စက်ရုံတည်ဆောက်ခြင်း စီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့  လက်ထောက်ဌာနမှူး  ဒေါ်သင်းသင်းစိုး ပြောကြားခဲ့သည်။

 

ရေသန့်စင်စက်ရုံကို တွံတေးတူးမြောင်း ရေမိုင်(.)မိုင် တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာအနီးရှိ တူးမြောင်းဘေးတွင် တည်ဆောက်မည်ဖြစ်ပြီး ရေသန့်စင်မှုအတွက် Raw Water ကို တွံတေးတူးမြောင်းမှ ရယူသွားမည်ဖြစ်သည်။ ရေသန့်စင်စက်ရုံ၏ ထုတ်လုပ်နိုင်မှုစွမ်းအားမှာ ဒလမြို့နယ် ရေပေးဝေရေးစနစ်သို့ သောက်သုံးရေပေးဝေရန် (.) သန်းနှင့် သောက်ရေသန့်ဘူး (.၀၆၆)သန်း ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

 

ရေသန့်စင်မှုနည်းပညာအနေဖြင့် Rapid Sand Filtration System (သဲအမြန်ရေစစ်ခြင်း) ကို အသုံးပြုသွားမည်ဖြစ်ပြီး ရေသန့်စင်ခြင်းမှ ထွက်ရှိလာသော အနည်အနှစ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အမှိုက်စွန့်ပစ်မှု စနစ်ရှိ မြေသားဖြည့်ခြင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ရေရှားပါးမှုမှ ကင်းဝေးစေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ပိတ်ဆွယ်ကျေးရွာအုပ်စုအတွင်းရှိ ဘုရားကြီးစုရွာ၌ လယ်မြေ (၁၈.၇၇၈) ဧကကို နိုင်ငံတော်အစိုးရမှ ဝယ်ယူပြီး ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်းကို စတင်အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိသည်။

 

ဒလမြို့နယ်သည် ပင်လယ်ဝနှင့် နီးကပ်လျက်ရှိခြင်းကြောင့် မြို့ပေါ်များနှင့် ကျေးရွာများမှာ ရေတွင်းတူးလျှင် ရေချိုမထွက် ရေငန်များသာ ထွက်ရှိသော ဒေသတစ်ခုပင်ဖြစ်သည်။ သောက်သုံးရေ ရှားပါးမှုကြောင့် ဒေသခံပြည်သူများစွာတို့မှာ နွေရာသီ၌ ရေရှားပါးမှုကို ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ရာ အဆိုပါ အခက်အခဲမှ ကင်းဝေးစေရန် အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်မည့် စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

 

လက်ရှိအချိန်တွင် တွံတေးမြို့နယ် ရန်ကုန်ပေါက်ရေပေးဝေစခန်းမှ နေ့စဉ်ရေဂါလန် . သန်းကို အချင်း (၂၄) လက်မပိုက်လိုင်းဖြင့် မြို့နယ်စည်ပင်သာယာ ရေနှင့်သန့်ရှင်းမှုဌာနရှိ ရေပေးဝေရေးစခန်းသို့ ပို့ဆောင်ပေးပြီး ထိုမှတစ်ဆင့် ဒလမြို့ပေါ်ရှိ ရပ်ကွက်(၂၄)ရပ်ကွက်မှ ရေမီတာသုံးစွဲသူ အိမ်ထောင်စုပေါင်း (၄၅၄၉)စုအား ပိုက်လိုင်းစနစ်ဖြင့် အလှည့်ကျပေးဝေလျက် ကျေးရွာများသို့ ရေပိုက်လိုင်းစနစ်ဖြင့် ဖြန့်ဝေပေးနိုင်ခြင်း မရှိကြောင်းလည်း သိရသည်။

 

ရေပိုက်လိုင်းစနစ်ဖြင့် ဆက်သွယ်ထားခြင်းမရှိသည့် ကျန်စစ်သားရပ်ကွက်၊ သမ္မတကမ်းခြေရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်၊ နံပါတ်ရပ်ကွက်၊ ၁၁/၁၄ ရပ်ကွက်နှင့် ဝန်ထမ်းအိမ်ရာ ရပ်ကွက်တို့တွင် ဂါလန် ၁၂၀၀ ဆံ့သည့် အုတ်ရေကန် ၂၆ လုံးနှင့် ကွန်ကရစ် ကျောက်ဂွေ(၂၄)ဂွေ တည်ဆောက်၍ ရေပေးဝေလျက်ရှိပြီး  မြို့နယ်ရေပေးဝေရေးစခန်း ရေသန့်စင်စက်မှ တစ်ရက်လျှင် ဂါလန်(၅၀၀၀) ထွက်ရှိသည့် သောက်သုံးရေသန့်ကို ပေးဝေလျက်ရှိသလို၊ သုံးရေများကိုလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ရေသန့်ဌာနမှ သိရသည်။

 

အများသုံးရေနှင့် သောက်သုံးရေးရရှိရေးအတွက် ရေသန့်စင်စက်ရုံ စီမံကိန်း တည်ဆောက်ပြီးစီးသွားပါက ဒလမြို့နယ်အတွင်း လူဦးရေ ()သိန်း ခြောက်သောင်းကျော် နေထိုင်လျက်ရှိရာ အဆိုပါ လူဦးရေ၏ (၆၅) ရာခိုင်နှုန်းကို လွှမ်းခြုံဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်းနှင့် တစ်ဆက်တည်းရှိသည့် တွံတေးမြို့နယ်ရှိ ဒေသခံပြည်သူများပါ အများသုံးရေနဲ့ သောက်သုံးရေကို ပေးဝေနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းတွင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)