နေပြည်တော် ဒီဇင်ဘာ ၁၀

နိုင်ငံတော်ပရိယတ္တိ သာသနတက္ကသိုလ်(ရန်ကုန်)တွင် သီတင်းသုံးလျက်ရှိသော သင်ကြား/စီမံ ဆရာတော်များနှင့် ပြည်တွင်း/ပြည်ပ သာသနာပြု သံဃာတော်အရှင်သူမြတ်အပါး ၄၅ဝ တို့အား နယ်စပ်ရေးရာဝန်ကြီးဌာနက တစ်နေ့တာအရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ မိုးကုတ်ဆွမ်းစားဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက တစ်နေ့တာဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်