နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို မိသားစုတို့အတွက် လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းသူအသင်းသားများက ခရစ်တော်မွေးနေ့အကြို ဆုတောင်းမေတ္တာပို့သ

နေပြည်တော်   ၁၉    ဒီဇင်ဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို မိသားစုတို့အတွက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ မိသားစုနှင့် နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာ ဦးစောအောင်အောင်လွင် ဦးဆောင်သော အဖွဲ့သည် ယနေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ခရစ်တော်မွေးနေ့အကြိုအဖြစ် လာရောက် ဆုတောင်းမေတ္တာပို့သကြသည်။

 

ရှေးဦးစွာ နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အသင်းသူအသင်းသားများက ခရစ္စမတ်ဓမ္မတေးများသီဆိုကြပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြသည်။

 

mdn

 

ထို့နောက် သိက္ခာတော်ရ ဆရာဦးစောအောင်အောင်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်သမ္မတ နှင့်ဇနီး မိသားစု တို့အတွက် ဆုတောင်းမေတ္တာပို့သသည်။

 

mdn

 

ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီးတို့သည် နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းသူ အသင်းသားများအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။

 

mdn

 

အလားတူ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ယူနိုက်တက်ပင်တီကုတ္တေ အသင်းတော် (ရန်ကုန်)မှ လူငယ်ခေါင်းဆောင် ဆရာမိုက်ကယ်ဂျေဆင် ဦးဆောင်သော အဖွဲ့ကလည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီမှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာ မန်းပါမာစတန် နှင့် လူငယ်အမှုဆောင်အတွင်းရေးမှူး ဆရာ ပွီးယာတို့ ဦးဆောင်သောအဖွဲ့က လည်းကောင်း နိုင်ငံတော်သမ္မတအိမ်တော်၌ ခရစ္စမတ်ဓမ္မတေးများသီဆိုကြပြီး ခရစ်တော်မွေးနေ့အကြို အဖြစ် လာရောက်ဆုတောင်းမေတ္တာပို့သကြသည်။

 

သတင်းစဉ်

 

mdn