ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လမ်းသွားလမ်းလာများအား Mask များ ဝေငှပေး

ငါ့သရောက် ၁၄  ဧပြီ  

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ဧပြီ ၁၄ ရက်နေ့ နံနက် ၇ နာရီအချိန်က လမ်းသွားလမ်းလာပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး Mask များဝေငှပေးခြင်း ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း ငါ့သရောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကပြောကြားသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ငါ့သရောက်မြို့ရှိပြည်သူများ ရောဂါအန္တရာယ်ကင်းရှင်းစေရန် မဖြစ်မနေအပြင်ထွက်ရသည့်အခါ Mask တပ်ဆင်ကာ ပါးစပ်၊နှာခေါင်း၊ အကာအကွယ်တပ်ဆင်သွားကြရန်၊ အတတ်နိုင်ဆုံး မိမိနေအိမ်အတွင်းမှာသာ နေထိုင်ကြရန် မဖြစ်မနေသွားလာရသည့်အခါ ရောက်သည့် နေရာတိုင်း လက်အား ဆပ်ပြာနှင့် သော်လည်းကောင်း၊ Hand Gel နှင့်သော်လည်းကောင်း လက်အားစက္ကန့် ၂၀ ခန့်ကြာ ဆေးကြောသန့်စင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ကြောင်း၊ Mask များအား ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ၊ ထွေ/အုပ်ဝန်ထမ်းများ က လမ်းသွားလမ်းလာပြည်သူများအား ဝေငှပေးခြင်း၊ ငါ့သရောက်မြို့ ဗိုလ်ချိုဈေးအတွင်း ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ရာ  Mask အခုတစ်ထောင်ဝေငှပေးခဲ့ကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း