နွေရာသီကာလသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေရရှိရေးလုပ်ငန်း ၄၅ ခု ဆောင်ရွက်လျက်ရှိ

သရက် ၂၈ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်း မြို့နယ် ခြောက်မြို့နယ်ရှိ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်း ၄၅ ခုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၄၂၃ ဒဿမ ၃၉ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါရေရရှိရေးလုပ်ငန်းများကို သရက်မြို့နယ်တွင် ၁၁ ခု၊ ကံမမြို့နယ်တွင် ၁၁ ခု၊ မင်းတုန်းမြို့နယ် တွင် သုံးခု၊ မင်းလှမြို့နယ်တွင် ၁၁ ခု၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ငါးခုနှင့် အောင်လံမြို့နယ်တွင် လေးခု စုစုပေါင်းလုပ်ငန်း ၄၅ခုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၂၈ ရာခိုုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်သည်။

 

a

 

ရေရရှိရေးလုပ်ငန်းများအနေဖြင့် မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်း ၂၉ ခု၊ မြေသားရေကန်အသစ် တူးဖော်ခြင်းလုပ်ငန်း သုံးခု၊ စက်ရေတွင်းတုူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်း ၁၁ ခု၊ မြစ်ရေတင်စနစ်ဆောင်ရွက်ခြငး်၊ ဂါလံ (၅၀ဝ၀)ဆံ့အုတ်ရေကန်တည်ဆောက်ခြငး်နှင့် ရေပိုက်လိုင်းသွယ် တန်းခြင်းလုပ်ငန်း တစ်ခု၊ စက်ရေတွင်းရေကန်အမိုးပြုပြင်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် အင်ဂျင်နှင့် စက်ဝယ်ယူခြင်းလုပ်ငန်း တစ်ခု၊ စုစုပေါင်းလုပ်ငန်း ၄၅ခု ကို ကျေးရွာနေပြည်သူလူထု၏ လိုအပ်ချက်အရ ဘဏ္ဍာနှစ်အလိုက် ဦးစားပေးလျာထားဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်ထံမှ သိရသည်။

အဆိုပါရေရရှိရေးလုပ်ငန်း ၄၅ခု အနက် မင်းလှမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာ၏ မြေသားရေကန် တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်း ၁၀ခုကို တင်ဒါစနစ်ဖြင့် ခင်ဇော်တိုးကုမ္ပဏီမှ လုပ်ငန်း ငါးခု၊ အောင်မြင့်မိုရ် ကုမ္ပဏီမှ လုပ်ငန်း ငါးခု ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်လုပ်ငနး် ၃၅ ခုကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက် ပြောပြသည်။ 

ဆုဝေထွန်း(သရက်)