နေပြည်တော် ဒီဇင်ဘာ ၄

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူးနှင့် ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ လူမှုရေးအသင်း အဖွဲ့အစည်းများ၊ ခုခံကျ၊ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနစိတ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၂၅)မှာပါရှိသည့် ဦးစားပေးနည်းဗျူဟာငါးရပ်နှင့်အညီ ၂၀၃၀ ခုနှစ်တွင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေဖရန်အထိ ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် “ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက် ရေးနေ့” ဆောင်ပုဒ်ဖြစ်သည့် "Take the rights path" “အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှ အလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အိပ်ချ်အိုင်ဗွီကာကွယ်ရေး လုပ်ငန်းများကို လက်လှမ်းမီရန်ခက်ခဲသော ဦးတည်အုပ်စုများအပါအဝင် အိပ်ချ်အိုင်ဗွီကာကွယ် ကုသရေးဝန်ဆောင်မှုများကို လူတိုင်းသာတူညီမျှ လက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများအပါအဝင် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျ ဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထား သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းများနှင့် လှုပ် ရှားမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရီမြို့နယ် ဘဲကုန်းကျေးရွာ အုပ်စု ဘဲကုန်းကျေးရွာရှိ  ကွင်းအမှတ် ၁၆၂၃တောင်သူ ဦးပြည့်ဝ၏ ၁ ဒသမ ၅ ဧကတွင် လယ်ယာထွန်စက်နောက်ဆွဲ အစေ့ချကရိယာများဖြင့် ဆင်းရွှေကြာ(၂)နေကြာမျိုးကို  မျိုးစေ့ချစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံကာ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံစိုက်စွမ်းအား တိုးတက်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေးတို့ ကိုမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်