နောင်တရား၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ခုနစ်ဦးစစ်ဆေးတွေ့ရှိ

နောင်တရား  ဩဂုတ် ၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ထိတွေ့သူများနှင့် သံသယလူနာများကို PCR ဖြင့် စစ်ဆေးရာ ရောဂါပိုးကူးစက်ခံရသူ ခုနစ်ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ရောဂါပိုးကူးစက်ခံရသူ ခုနစ်ဦးမှာ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ တစ်ပိုင်မို့ကျေးရွာမှ ငါးဦး၊ ထီရယ်ကျေးရွာမှ နှစ်ဦးတို့ ဖြစ်ပြီး ရောဂါကူးစက်ခံရသူများကို နောင်တရားမြို့ တိုက်နယ်ဆေးရုံ၌ ဆေးကုသပေးလျက်ရှိပြီး ထိတွေ့သူများကို အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)